လာအိုနိုင်ငံရှိရွှေ့ပြောင်းသွားလာနေထိုင်သူများနှင့် တောတွင်းပုံမှန်သွားလာလုပ်ကိုင်နေကြသူများအတွက်ငှက်ဖျားရောဂါဝန်ဆောင်မှုလုပ်ငန်းများ 02.08.2017

လူနာများကိုငှက်ဖျားရောဂါအကြောင်းဆွေးနွေးပညာပေးခြင်းနှင့်အတူကုသမှုပေးနေသောလာအိုနိုင်ငံ၊HPAငှက်ဖျားစခန်းမှလုပ်သားများ

ရွှေ့ပြောင်းသွားလာနေထိုင်သူများနှင့်သစ်တောများသို့ပုံမှန်သွားလာလုပ်ကိုင်စားသောက်နေကြသူများတွင်ခြင်ထောင်မပါဘဲသစ်တောများတွင်အိပ်စက်ခြင်းအလေ့အထနှင့်ရွေ့ပြောင်းသွားလာနေရသောအလုပ်သဘောသဘာဝတို့ကြောင့်ငှက်ဖျားအန္တရာယ်ကြီးမားနေရခြင်းဖြစ်သည်။သို့သော်လည်း၎င်းတို့၏ယုံကြည်မှုကိုရရှိရန်အမြဲတမ်းမလွယ်ကူပေ။သူတို့သည်အဖွဲ့အစည်းများမှလူပုဂ္ဂိုလ်များနှင့်ပြောဆိုဆက်ဆံခြင်းအားဖြင့်အာဏာပိုင်များ၏ပါဝင်ပတ်သက်မှုရှိလာပြီးသူတို့၏လုပ်ငန်းထိခိုက်မည်ကိုစိုးရိမ်ကြောက်ရွံ့ကြသည်။မည်သို့ပင်ဖြစ်စေကာမူငှက်ဖျားရောဂါကာကွယ်ခြင်းနှင့်တိုက်ဖျက်ခြင်းလုပ်ငန်းတွင်သူနှစ်ရှည်လများရရှိခဲ့သောအတွေ့အကြုံ၊သူ၏ကိုယ်ကျိုးမဖက်ဘဲအာရုံစူးစိုက်နှစ်မြှုပ်လုပ်ကိုင်မှု၊လုပ်ငန်းကျွမ်းကျင်ပိုင်နိုင်မှု၊ဇွဲနဘဲဖြင့်ဆက်တိုက်လုပ်ကိုင်နိုင်မှုတို့ဖြင့်ကျန်းမာရေးစောင့်ရှောက်မှုများမှဝေးကွာနေသေးသည့်လူအုပ်စု၏ယုံကြည်မှုရရှိရန်ထိုစိန်ခေါ်မှုများကိုရင်ဆိုင်ကျော်လွှားရာတွင်ဒွန်ပိ၏အောင်မြင်မှုသည်အထူးစိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။

ဒွန်ပိ(Douanpi)သည်လာအိုနိုင်ငံတောင်ပိုင်းရှိချန်ပါဆ(ခ်)နယ်(Chanpasak)တွင် Health Poverty Action (HPA)၏ခမ်ချလန်း(Khamchalearn)ရွာရှိငှက်ဖျားစခန်းတွင်လုပ်ကိုင်သည်။ထိုဒေသသည်ငှက်ဖျားရောဂါကူးစက်ပျံ့နှံ့မှုနှုန်းမြင့်မားနေဆဲဖြစ်ပြီးသစ်တောများကိုအမှီသဟဲပြု၍အသက်မွေးဝမ်းကျောင်းမှုပြုသူများနှင့်ရွှေ့ပြောင်းလုပ်သားများစွာရှိသောနေရာဖြစ်သည်။

“လာအိုနိုင်ငံတောင်ပိုင်းမှာသစ်တောဒေသတွေကိုစဉ်ဆက်မပြတ်သွားလာလုပ်ကိုင်စားသောက်နေကြသူတွေရှိတဲ့အတွက်ငှက်ဖျားရောဂါဖြစ်တဲ့အရေအတွက်များပြားနေဆဲဖြစ်တယ်။သူတို့ရဲ့အသက်မွေးဝမ်းကျောင်းမှုပြုရာအရင်းအမြစ်နေရာတွေဖြစ်တာကြောင့်အဲဒီလိုသွားလာနေကြရတာဖြစ်တယ်။အဲဒါဟာ ငှက်ဖျားရောဂါဖြစ်ပွားတာရဲ့အကြောင်းအချက်တစ်ခုပါပဲ”ဟုဒွန်ပိကရှင်းပြသည်။

ရွှေ့ပြောင်းသွားလာနေထိုင်သူများ (mobile migrant populations – MMPs)နှင့်သစ်တောများသို့ပုံမှန်သွားလာလုပ်ကိုင်စားသောက်နေကြသူများတွင်ခြင်ထောင်မပါဘဲသစ်တောများတွင်အိပ်စက်ခြင်းအလေ့အထနှင့်ရွေ့ပြောင်းသွားလာနေရသောအလုပ်သဘောသဘာဝတို့ကြောင့်ငှက်ဖျားအန္တရာယ်ကြီးမားနေရခြင်းဖြစ်သည်။ထိုသူများသည်ငှက်ဖျားရောဂါကူးစက်ခံရရန်အန္တရယ်ရှိသူများဖြစ်သောကြောင့်သူတို့၏အထူးလိုအပ်ချက်များအတွက်စီမံပေးထားသောငှက်ဖျားရောဂါစမ်းသပ်ခြင်းနှင့်ကုသပေးခြင်းအပါအဝင်ဒေသဆိုင်ရာပြီးပြည့်စုံသောကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများအလွယ်တကူရရှိနိုင်ရန်လိုအပ်သည်။သို့သော်လည်း၎င်းတို့၏ယုံကြည်မှုကိုရရှိရန်အမြဲတမ်းမလွယ်ကူပေ။သူတို့သည်အဖွဲ့အစည်းများမှလူပုဂ္ဂိုလ်များနှင့်ပြောဆိုဆက်ဆံခြင်းအားဖြင့်အာဏာပိုင်များ၏ပါဝင်ပတ်သက်မှုရှိလာပြီးသူတို့၏လုပ်ငန်းထိခိုက်မည်ကိုစိုးရိမ်ကြောက်ရွံ့ကြသည်။အတိတ်ကာလကလည်းအမှန်တကယ်ထိုသို့ဖြစ်ပျက်ခဲ့ဖူး သည်။

မည်သို့ပင်ဖြစ်စေကာမူငှက်ဖျားရောဂါကာကွယ်ခြင်းနှင့်တိုက်ဖျက်ခြင်းလုပ်ငန်းတွင်သူနှစ်ရှည်လများရရှိခဲ့သောအတွေ့အကြုံ၊သူ၏ကိုယ်ကျိုးမဖက်ဘဲအာရုံစူးစိုက်နှစ်မြှုပ်လုပ်ကိုင်မှု၊လုပ်ငန်းကျွမ်းကျင်ပိုင်နိုင်မှု၊ဇွဲနဘဲဖြင့်ဆက်တိုက်လုပ်ကိုင်နိုင်မှုတို့ဖြင့်ကျန်းမာရေးစောင့်ရှောက်မှုများမှဝေးကွာနေသေးသည့်လူအုပ်စု၏ယုံကြည်မှုရရှိရန်ထိုစိန်ခေါ်မှုများကိုရင်ဆိုင်ကျော်လွှားရာတွင်ဒွန်ပိ၏အောင်မြင်မှုသည်အထူးစိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။

“ကျွန်တော်မလျှော့တမ်းဇွဲနဲ့လုပ်ကိုင်တာကြောင့်တောတွင်းပုံမှန်သွားလာလုပ်ကိုင်စားသောက်နေကြသူတွေကကျွန်တော့်ကိုကောင်းကောင်းသိနေကြပြီ။သူတို့နဲ့အချိန်ကြာရှည်လုပ်ကိုင်ခဲ့တဲ့သူဖြစ်တာ ကြောင့်ကျွန်တော့်ကိုယုံကြည်ကြတယ်။အဲဒီလိုနှစ်ဦးနှစ်ဖက်ဆက်ဆံရေးကိုထိန်းသိမ်းထားဖို့အရေးကြီးတယ်။ဒါမှလည်းသူတို့ကျွန်တော့်ဆီကအကူအညီတောင်းခံတဲ့အခါမှာစိတ်သက်သောင့်သက်သာရှိကြမယ်၊ငှက်ဖျားရောဂါရှာဖွေကုသတဲ့နေရာမှာအလွန်တက်တက်ကြွကြွရှိရပါတယ်။ငှက်ဖျားစခန်းကို၂၄နာရီလာခွင့်ပေးထားပါတယ်။ဒါမှလည်းရွာတွင်းမှာရုတ်တရက်ရောဂါဖြစ်ပွားမှုကိုသိရှိနိုင်ပြီးဖြစ်ဖြစ်ချင်းမှာပဲပြဿနာကိုတင်ပြအကြောင်းကြားနိုင်မှာဖြစ်ပါတယ်”ဟုဒွန်ပိကဆက်ပြောသည်။

“အခြေအနေကတိုးတက်လာပါတယ်။တောတွင်းပုံမှန်သွားလာလုပ်ကိုင်စားသောက်နေသူတွေ၊ ရွှေ့ပြောင်းသွားလာနေထိုင်သူတွေနဲ့ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ဖို့အရင်ကလောက်မခက်ခဲတော့ပါဘူး။အဲဒါဘာကြောင့်လည်းဆိုတော့သူတို့ဟာငှက်ဖျားရောဂါနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေပိုမိုရရှိလာပြီးငှက်ဖျားရောဂါကြောင့်ဖြစ်လာနိုင်တဲ့ကိစ္စရပ်တွေနဲ့သူတို့ရဲ့ကျန်းမာရေး၊ချမ်းသာသုခတို့ကိုပိုပြီးသိရှိသတိမူလာကြတာကြောင့်ပါပဲ”ဟုဒွန်ပိကအဆုံးသတ်ပြောကြားသွားသည်။

HPAသည်၂၀၁၄ခုနှစ်ကတည်းကဒေသတွင်းအာတီမီစနင်းဆေယဉ်ပါးမူကနဦးစီမံချက်(RAI) ငှက်ဖျားစီမံချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်နေခဲ့သည်။ချမ်ပါဆ(ခ်)နယ်ရှိ(၄၈)ရွာတွင်HPA ထူထောင်ဖွင့်လှစ်ထားသောငှက်ဖျားစခန်းများထားရှိခြင်းသည်ပထမဆုံးအကြိမ်ဖြစ်ပြီးရွှေ့ပြောင်းသွားလာနေထိုင်သူများနှင့်တောတွင်းပုံမှန်သွားလာလုပ်ကိုင်စားသောက်နေသူများအတွက်လိုအပ်သောကျန်းမာရေးစောင့်ရှောက်မူများနှင့်ပတ်သက်သောကိစ္စရပ်များကိုကိုင်တွယ်ဖြေရှင်းပေးသည်။ ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေးသည်ဆောင်ရွက်နေဆဲလုပ်ငန်းတစ်ခုဖြစ်သော်လည်းဒွန်ပိ၏အကောင်းမြင်ခြင်းသည်လာအိုနိုင်ငံတွင်ဖြစ်ပေါ်နေသောအပြုသဘောဆောင်သည့်အပြောင်းအလဲများကိုထင်ဟပ်နေသည်။ဒေသရှိငှက်ဖျားစခန်းများသို့အလွယ်တကူသွားရောက်နိုင်ခြင်းသည်ကျန်းမာရေးစောင့်ရှောက်မှုများမှဝေးကွာနေသေးသည့်လူအုပ်စုများကိုပိုမိုကောင်းမွန်သည့်ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အလမ်းများကိုရရှိစေသည်။

HPA၏လုပ်ငန်းဆောင်ရွက်မူများအကြောင်းပိုမိုသိရှိရန်ဤနေရာတွင်ဖတ်ပါ။